Testimonial

Aung Acrylics

ခေတ်နဲ့အညီ Facebook မှာစတင်ကြော်ငြာလာတဲ့ Aung Acrylics

Aung Acrylics

Aung Acrylics အကြောင်း

Aung Acrylics က အိမ်သုံး၊ ရုံးသုံး acrylics sheets ၊ composite ၊ PP board တို့ကိုရောင်းချပေးနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်ပဲဖြစ်ပါတယ်။

နှစ်ပေါင်း ၂၀ ကျော်ကြာလုပ်သက်ရှိပြီဖြစ်လို့ အမာခံ customer တွေရှိသလို၊ နာမည်တစ်ခုလည်းရှိပြီးသားပါ။ လုပ်ငန်းကိုလည်းပုံမှန်ကြော်ငြာပေးတဲ့အတွက် စီးပွားရေးလည်ပတ်မှု ကောင်းကောင်းလည်းရထားပါတယ်။

Aung Acrylics ရဲ့လိုအပ်ချက်

Aung Acrylics အနေနဲ့ မြန်မာနိုင်ငံမှာ Online အသုံးပြုခြင်းနှင့် Online တွင်ကြော်ငြာခြင်းခေတ်စားလာတာနဲ့အမျှ Online ၏ အရေးပါပုံနှင့် အသုံးဝင်နိုင်ပုံကိုနားလည်ထားပါတယ်။

၂၀၁၆ နှစ်ဆန်းမှစပြီးတော့ Website တည်ဆောက်ခြင်းတို့ကိုစတင်ခဲ့ပြီး ၂၀၁၇ မတိုင်ခင်မှာ Facebook ပေါ်တွင်ကြော်ငြာဖို့ကိုစိတ်ဝင်စားခဲ့ပါတယ်။

“ Facebook ဟာလည်း မြန်မာနိုင်ငံမှာ အသုံးပြုသူဦးရေ တိုးပွားလာတာနဲ့အမျှ အဓိကကြော်ငြာ platform ကြီးတစ်ခုလည်း ဖြစ်လာပါတယ်။ ”

ဒေါ်မေသဇင်ထွန်း - Aung Acrylics ပိုင်ရှင်

Real Results ရဲ့  ဖြည့်ဆည်းမှု

Real Results မှ Aung Acrylics ကို Digital Sales Executive များနှင့်သွားရောက်ဆွေးနွေးတဲ့အခါ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုအနေနဲ့ Facebook ပေါ်တွင်ကြော်ငြာနိုင်ပုံနည်းအမျိုးမျိုး၊ Facebook ပေါ်တွင်ရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းကိုစိတ်ဝင်စားတဲ့ လူဦးရေအစရှိသည်တို့မှစတင်၍ အသေးစိတ်ရှင်းပြပေးခဲ့ပါတယ်။

Real Results ရဲ့အားသာချက်တွေကအခြား Facebook ကြော်ငြာများနှင့်မတူဘဲလူသိများအောင်ကြော်ငြာတာတင်မကပဲဆိုင်ကိုလူဝင်စေတဲ့နည်းပညာကြော်ငြာနည်းလမ်းများကိုသုံးထားတာပဲဖြစ်ပါတယ်။

စစ်မှန်သောရလဒ် = Real Results

Aung Acrylics စိတ်ကြိုက် design နှင့်စာသားတွေကို Real Results မှစီစဉ်ပေးပြီးစတင်ကြော်ငြာစဉ်မှာပဲသိသိသာသာရလဒ်တွေကိုရရှိခဲ့ပါတယ်။

Real Results မှအာမခံပေးထားတဲ့ လူဦးရေ နှင့် တစ်ဦးချင်းကြော်ငြာမြင်နှုန်းကိုပြည့်မီသည့်အပြင် Page engagement လည်းသိသိသာသာတိုးတက်လာခြင်းကိုတွေ့ရပါတယ်။

“ Page like နဲ့ Engagement တွေလည်း သိသိသာသာ တိုးတက်လာတဲ့အတွက် MMRD Real Results နဲ့ လက်တွဲခွင့်ရတာ အလွန်ပဲ ကျေနပ်စရာကောင်းလှပါတယ်။ ”

ဒေါ်မေသဇင်ထွန်း - Aung Acrylics ပိုင်ရှင်

  • Reach – 3,300
    မြင်တွေ့သူ အရေအတွက်

  • Frequency – 6.0
    တစ်ဦးချင်းမှပျမ်းမျှကြည့်ရှုမှု ပမာဏ

  • Clicks – 158
    ကလစ်နှိပ်သူ ဦးရေ

Aung Acrylics